Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး ဆောင်းသီးနှံငရုပ်များ အားထားစိုက်ပျိုးလုပ်ကိုင်
Nov 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာ၌ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုပ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၅ ဧက စိုက်ပျိုးရန် လျာထားရှိကြောင်း သိရကာ ယနေ့အထိ ငရုပ်သီးနှံ ၅၄၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၅)ကြိမ်မြောက် တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ တက်ရောက်ကြည်ညို
Nov 27,2023
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၅)ကြိမ်မြောက် တန်ဆောင်တိုင် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်လိုဏ်တော်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့၌ သံဃာအပါး(၁၄၂)ပါးအား တန်ဆောင်မုန်းလပြည့်အခါသမယနေ့တွင် ဆွမ်းလောင်းလှူဒါန်းပွဲ ပြုလုပ်
Nov 27,2023
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် မင်းစုရပ်ကွက်အတွင်းရှိ ပြည်လုံးအောင်ချမ်းသာ ဘုရားဝန်းအတွင်း ရဟန်းသံဃာ အပါး(၁၄၂)ပါးအား ဆွမ်းလောင်းလှူဒါန်းပွဲကို တန်ဆောင်မုန်း လပြည့်အခါသမယနေ့ နံနက်(၅)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့၌ (၃၉) ကြိမ်မြောက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ
Nov 27,2023
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ရွှေတောင် မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း ကျင်းပသည့် (၃၉) ကြိမ်မြောက် စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စတင်ကာမြို့တွင်း လမ်းမတစ်လျှောက်မှ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာ့ဗိမာန်သို့ ပဒေသာပင်များအား မော်တော်ယာဥ်များဖြင့် တင်ဆောင်၍ စည်ကားသိုက်မြိုက်စွာ စုပေါင်းလှည့်လည်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့၌ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့တွင် သံဃာတော်(၈၃)ပါးအား မြို့လုံးကျွတ်ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ
Nov 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊မြို့မဘုန်းကြီးကျောင်းတွင် မိုင်းတုံစစ်အခြေချဗျူဟာမှ ဗိုလ်မှူးစိုးမိုးဇော်ဦးဆောင်၍ မြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ယနေ့နံနက် ၆ နာရီခွဲက တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့တွင် သံဃာတော်(၈၃)ပါးအား နေ့ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပ
Nov 27,2023
သာသနာတော်နှစ် ၂၅၆၇ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ခု တန်ဆောင်မုန်းလပြည့်နေ့၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် (၆၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်ခတ် ပူဇော်ပွဲကျင်းပ
Nov 27,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ရက်ခတ်ပူဇော်ပွဲကို နိုဝင်ဘာ(၂၆)ရက် ညပိုင်း၌ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8750
Page
8751
Page
8752
Page
8753
Current page
8754
Page
8755
Page
8756
Page
8757
Page
8758
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department