လက်ပံတန်းမြို့၌ ဌာနပေါင်းစုံ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 26,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ (၂၁)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းတန်းရပ်ကွက် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးကေသရနှင့် ပင့်သံဃာ(၁၃)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြသည်။