သတင်းများ

ဆင်ပေါင်ဝဲမြို့၌ (၃၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 27,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ (၃၅) ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က မြဇေယျာဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ စုပေါင်းမဟာဘုံကထိန်ပွဲအား နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယဆရာတော် (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ) ဘဒ္ဒန္တဓမ္မပီယထံမှ (၈)ပါးသီလ ခံယူတည်ဆောက်ခဲ့ကြသည်။
စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
Nov 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနပေါင်းစုံနှင့် မြောင်းတကာ သံမဏိသံရည်ကျို စက်မှုဇုန် မိသားစုများ၏ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီက မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာ၊ အောင်ချမ်းသာ ဓမ္မရိပ်သာကျောင်းတိုက်၌ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့၌ စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်ပွဲများ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ
Nov 27,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် တန်ဆောင်မုန်းလတွင် လှူဒါန်းကျင်းပလေ့ရှိသော စုပေါင်းမဟာဘုံကထိန် အလှူတော်လှည့်ပွဲများကို စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပလျက်ရှိပြီးကြောင်း သိရသည်။
ပေါင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့တွင် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ
Nov 27,2023
ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ(၂၇) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒီသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ပြည်သူများ ကုသိုလ်ဒါနပြုခြင်း၊ မဟာဒုတ်ဆွမ်းကပ်လှူခြင်းတို့ဖြင့် စည်ကားလျက်ရှိ
Nov 27,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်ပြည်သူတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်နေ့တွင် ကန်သာယာ ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲနှင့် စာရေးတံမဲ လှူဒါန်းပွဲသို့ ကြွရောက်‌တော်မူကြမည့် သံဃာတော်၊ အရှင်သူမြတ်တို့အား မဟာဒုတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဗဟိုမဏ္ဍပ်များနှင့် အလှူရှင်များ၏ နေအိမ်အသီးသီးတို့၌ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မိုင်းရှူးမြို့၌ (၆၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် (၆၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် လှည့်လည်အပူဇော်ခံပွဲကို ယနေ့ နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြို့သစ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း‌များ၏ (၃၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 27,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် မြို့အုပ်ချုပ်‌ရေးမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များစုပေါင်း၍ မတည်လှူဒါန်းသော အကြိမ်(၃၀)မြောက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို မြို့သစ်မြို့ ဘုရားကြီးရပ်ကွက် မြို့ဦးကျောင်းတိုက်တွင် ယနေ့နံနက်(၇)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့၌ ရွှေရပ်သာမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ
Nov 27,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၃)ရပ်ကွက်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေရပ်သာ မြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းကြီးလောင်းလှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။