သတင်းများ

နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများ မြိတ်စားကြက်သွန်နီ စိုက်ပျိုး
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည်  ကြက်သွန်နီစျေးကောင်းသဖြင့် ကြက်သွန်နီများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
Dec 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ မြတ်သီရိခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံ လှိုင်လှိုင်ပေါ်ချိန် ဧရာမင်းစပါးတစ်တင်း ငွေကျပ် ၂၃၀၀၀ ဈေးဖြင့် ရောင်းချနေရ၍ ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေ
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ဆောင်းသီးနှံ ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး စပါးများ လှိုင်လှိုင်ပေါ်ချိန် ဧရာမင်းစပါးဈေးနှုန်းမှာ တစ်တင်းလျှင် ငွေကျပ် ၂၃၀၀၀ ဈေးဖြင့် အရောင်းအဝယ် ကောင်းမွန်နေ၍ မြို့နယ်အတွင်းရှိ ဧရာမင်းမိုးစပါး စိုက်ပျိုးတောင်သူများ ယခင်နှစ်ကထက် ဈေးကောင်းရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 
မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းချိန် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိ
Dec 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသတစ်ခုဖြစ်ရာ ၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းချိန်ကာလတွင် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အငှားလိုက်သူထံမှ သိရသည်။
မိုင်းပန်မြို့နယ်၌ မွေးကင်းစ ကလေးငယ်မှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ
Dec 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မွေးကင်းစ ကလေးငယ်မှ အသက်(၁)နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့သည်။
လားရှိုးမြို့၊ မြို့မဈေးကြီးတွင်  ပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Dec 01,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများအတွက် စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။
မိတ္ထီလာမြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး
Dec 01,2023
မိတ္ထီလာမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းကို ရတနာမာရ်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး
Dec 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၃ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေ ပိုမိုရရှိစေနိုင်မည့် စိုက်ပျိုးရေးနည်းပညာများ၊ မြေသြဇာသုံးစွဲနည်းပညာများ စနစ်တကျသုံးစွဲ တတ်စေရန် ရည်ရွယ်၍ တောင်သူများ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်