မိတ္ထီလာ ဒီဇင်ဘာ ၁
မိတ္ထီလာမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းကို ရတနာမာရ်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်တွေကို ဒေသခံပြည်သူတွေထံ သက်သာသော ဈေးနှုန်းနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ ဧည့်မထ ဆန်တစ်ပြည်ကို ၂၇ဝဝ ကျပ် ၊ ဆီတစ်ပိဿာ ၅၂ဝဝ ကျပ် ၊ ကြက်ဥတစ်လုံး ၂ဝဝ ကျပ် ၊ ကြက်သားတစ်ပိဿာ ၁ဝ၈၀၀ကျပ် ၊ ဝက်သား အသား/အရိုးပါ တစ်ပိဿာ ၁၅၅၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၂ဝဝဝ ကျပ် ၊ ငါးမြစ်ချင်း တစ်ပိဿာ ၇ဝဝဝ ကျပ်နှုန်းနဲ့ ရောင်းချပေးတာဖြစ်ပါတယ်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ အခြေခံစားသောက်ကုန်များအား သက်သောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လေး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူ ၇ဝဝ ဦးခန့် လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။ ၎င်းအခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ရပ်ကွက် ၁၄ ရပ်ကွက်တွင် အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ