သတင်းများ

စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Dec 01,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာအခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ(၁) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် အမှတ် (၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ်တပ်စု (အဖွဲ့ငယ်) မှ ကပြဖျော်ဖြေ
Dec 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် လပွတ္တာမြို့နယ်တွင် အမှတ် (၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ကျောပိုးအိတ် တပ်စု(အဖွဲ့ငယ်)မှ ယမန်နေ့ည (၁၉:၃၀) အချိန်မှ စ၍ နေသူရိန်အားကစားကွင်းအတွင်း၌ ကပြဖျော်ဖြေ လျက်ရှိသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လိမ္မော်သီးနှံများ စိုက်ပျိုးဖြစ်ထွန်း
Dec 01,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လိမ္မော်သီးနှံများ ယမှန်နှစ်ထက် စိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Dec 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းတွင် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် (၁၀) နာရီအချိန်က တယ်ချောင်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးဂျကျေးရွာ ပြည်သူ့ဆေးရုံးဝန်းအတွင်း ဦးပိုင်အမှတ် (၁၃၀၁) လယ်မြေ၌ ကျင်းပသည်။
မြို့သစ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၆နာရီ အချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ခဲ့သည်။
တာချီလိတ်မြို့ အ.ထ.က(တာချီတ်)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Dec 01,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Dec 01,2023
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများနှင့် ရုံးဌာနများသို့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဝန်ထမ်းများက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်၍ ငှားရမ်း‌ပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသစာအုပ်မျိုးစုံ(၅၀)ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူ့ကျန်းမာရေးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များကို အာဟာရဖြည့်စွက်အစားအစာများ ပေးဝေ
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူ့ကျန်းမာရေးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များကို အာဟာရဖြည့်စွက်အစားအစာများ ပေးဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မရုံအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။