နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများ မြိတ်စားကြက်သွန်နီ စိုက်ပျိုး

နတ်မောက် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည်  ကြက်သွန်နီစျေးကောင်းသဖြင့် ကြက်သွန်နီများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြောင်း သိရသည်။

“ကျွန်မတို့ ရွာမှာဆိုရင် မိုးဦးသီးနှံများ ရိတ်သိမ်းပြီးတဲ့အခါမှာတော့ ဆောင်းသီနှံများစိုက်ပျိုးရန် ထယ်ရေးပြုပြင် စိုက်ပျိုးကြပါတယ်၊ ဆောင်းသီနှံများဖြစ်တဲ့ ဘူး၊ ချဉ်ပေါင်၊ ခရမ်း၊ ပြောင်းဖူးနှင့် ရာသီပေါ် သီးနှံမျိုးစုံများအပြင် ကြက်သွန်နီများကိုလည်း စိုက်ပျိုးကြပါတယ်၊ မြိတ်စားကြက်သွန်ကို စိုက်ပျိုးမယ်ဆိုရင် မိမိတို့ယခင်နှစ်က မိုးနှောင်းမှာ စိုက်ပျိုးထားတဲ့ ကြက်သွန်နီများထဲမှ မျိုးအဖြစ်ချန်ထားတဲ့ ကြက်သွန်နီအသေးစား(ဇော်မွှား)များကို ထယ်ရေးညက်အောင် ထွန်ယက်ပြီး မြေညီညာမှုရှိတဲ့ နေရာများမှာ စိုက်ပျိုးပါတယ်၊ အများစုကတော့ တော်သလင်းလမှာ စတင်စိုက်ပျိုးပါတယ်၊ ကျွန်မတို့ကတော့ သီတင်းကျွတ်လထဲမှာ စိုက်ပျိုးတာပါ။ ကထိန်ရာသီဖြစ်တဲ့အတွက် မြိတ်စားကြက်သွန်များကိုတော့ တွင်တွင်ကျယ်ကျယ် ရောင်းချပါတယ်” ဟု ကြက်သွန်စိုက်ပျိုးသူထံက သိရသည်။ ထို့အပြင် မြိတ်စားကြက်သွန်တစ်ပိဿာ (၁၅၀၀) ရောင်းချရကြောင်းကိုလည်း သိရှိရပါသည်။

မူမူစန်း