မောက်မယ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ဒေသတစ်ခုဖြစ်ရာ ၂၀၂၃ ခုနှစ် မိုးစပါးရိတ်သိမ်းချိန်ကာလတွင် နေ့စားအငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အငှားလိုက်သူထံမှ သိရသည်။
ယခုနှစ် မိုးရာသီစပါးရိတ်သိမ်းချိန်တွင် မိုးများပြီး စပါးပင်များလဲကျနေသည်ကတစ်ကြောင်း၊ လယ်ယာမြေတစ်ချို့မှာ စက်ဖြင့်ရိတ်သိမ်းသော်လည်း ခက်ခဲသည်ကတစ်ကြောင်း၊ တောင်သူအများစုမှာ ခောတ်မီလယ်ယာသုံးစက်ကိရိယာများ ပိုင်ဆိုင်သုံးစွဲနိုင်ခြင်း မရှိသေးသဖြင့် ငှားရမ်းသုံးစွဲနေရ၍ အချိန်ကြန့်ကြာခြင်း အလုပ်သမားနေ့စားအငှားခလည်း ယခင်နှစ်များတွင် ၈နာရီ တစ်ရက်လျင် ၁၀၀၀၀ကျပ်ငှားရပြီး ယခုနှစ်တွင် နေ့စားအငှားအလုပ်သမားခသည် နာရီဖြင့် နေ့စားလိုက်ကြသည့် နေ့စားအငှားလိုက်သူများဖြစ်ရာ တစ်နာရီလျင် ၂၀၀၀ကျပ်နှုန်းဖြင့် နေ့စားအလုပ်သမားများအနေဖြင့် ဝင်ရောက်အငှားလိုက်ကြပြီး အလုပ်လုပ်ကြကြောင်း လယ်စိုက်တောင်သူများထံမှ သိရသည်။
မောက်မယ်မြို့နယ်အတွင်း၌ လယ်စပါး၊ တောင်ယာစပါး၊ ပဲပုတ်၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲဒီစိမ်း၊ ပဲစင်းငုံ စသည့် သီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံများတွင် သရက်၊ လိုင်ချီးသီး၊ သံပုရာသီး၊ လျှောက်ချိုသီး၊ လိမ္မော်သီးစသည့် သီးနှံများနှင့် ရာသီစာမီးဖိုဆောင်သုံး အသီးအရွက်များလည်း စိုက်ပျိုးကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)