စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁၁/၂၀၂၃ အစည်းအဝေး တက်ရောက်
Dec 01,2023
တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဒေသခံပြည်သူများအားလုံး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အမှတ်တရပစ္စည်းဆိုင်များနှင့် MSMEs လုပ်ငန်းများအားလုံးအတွက် အကျိုးအမြတ်များ ရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၁၁/၂၀၂၃ အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။