မောက်မယ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၃ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေ ပိုမိုရရှိစေနိုင်မည့် စိုက်ပျိုးရေးနည်းပညာများ၊ မြေသြဇာသုံးစွဲနည်းပညာများ စနစ်တကျသုံးစွဲ တတ်စေရန် ရည်ရွယ်၍ တောင်သူများ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုအားပေးရာတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး−၃ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းခင်မြင့်ထွေးနှင့် ဝန်ထမ်းများက မိုင်းပုတ်ကျေးရွာအုပ်စု၊ နောင်ခိုက်ကွင်းရှိ ဦးအေးမောင်၏ လယ်စိုက်ကွင်းအမှတ် (၁၁) ဦးပိုင်အမှတ် (၂၆)၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ကွင်းများသို့ မိုးစပါးအထွက်နှုန်း ကောင်းမွန်စေရန်အတွက် တောင်သူများထံသို့ ထောက်ပံ့ပေးထားသော ယူရီးယားဓါတ်မြေသြဇာများ ပံ့ပိုးပေးထားပြီး တောင်သူများ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား သွားရောက်ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)