သတင်းများ

စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့ သွင်းအားစု အစုအဖွဲ့ တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ်သဘောတူစာချုပ်ဆိုခြင်း အခမ်းအနားကျင်းပ
Nov 30,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ)စီမံကိန်းစိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ဝယ်ယူကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့ သွင်းအားစု အစုအဖွဲ့ တောင်သူအစုအဖွဲ့တို့ သုံးဦးသုံးဖလှယ်သဘော တူစာချုပ်ဆိုခြင်း အခမ်းအနားကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ကုတ်မြို့သို့ ရေပေးဝေလျက်ရှိသည့် ဂရုဏာဆည်မှ ပင်မရေပိုက်လိုင်း အကြီးစားပြုပြင်နေစဉ်ကာလအတွင်း ရေပေးဝေရေးလုပ်ငန်းခေတ္တပိတ်ထားမည်ဖြစ်ပြီး ပြန်လည်ပေးဝေနိုင်ရေး အမြန်ဆောင်ရွက်
Nov 30,2023
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ဂရုဏာဆည်မှ ရေများကိုပေးဝေလျက်ရှိရာ ပင်မရေပိုက်လိုင်းမှာကွဲအက်ပျက်စီးသွားသဖြင့် အကြီးစားပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ရေပေးဝေခြင်းလုပ်ငန်းကို ခေတ္တပိတ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။
(၁၉)ကြိမ်မြောက် စဉ့်ကိုင်မြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ
Nov 30,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၁၉)ကြိမ်မြောက် စဉ့်ကိုင်မြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်၊ တိုက်သစ်ကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးမြို့၌ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/MFF'' C  '' Diploma Coaching Course သင်တန်း ဆင်းပွဲကျင်းပ
Nov 30,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်အားကစားကွင်း၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် AFC/MFF'' C  '' Diploma Coaching Course သင်တန်းဆင်းပွဲကို နိုဝင်ဘာ(၂၉)ရက်နေ့က ကျင်းပခဲ့သည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်ရေး (Women Self- defense) ကိုယ်လုံပညာ သင်တန်းဆင်းပွဲ ကျင်းပ
Nov 30,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုကာကွယ်ရေး (Women Self- defense) ကိုယ်လုံပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာ‌ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မွန်​ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်​ရောက်
Nov 30,2023
၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာ​ကော်မတီမှ ကြီးမှူးကျင်းပ​​သော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့ည​နေပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်​ရောက်သည်။
သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်းတွင် မိဘအသိပညာပေး သင်တန်းဖွင့်လှစ်
Nov 30,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရင်သွေးငယ်များအား ငယ်ရွယ်စဉ်မှစ၍ ပြုစုစောင့်ရှောက်ရာတွင် စနစ်တကျ ပြုစုပျိုး‌ထောင်နိုင်စေရန် မိဘအသိပညာပေးသင်တန်းကို ယမန်နေ့က မူလတန်းကြိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးယဉ်ပါးတီဘီကူးစက်ရောဂါ စစ်ဆေးသည့် Gene Xpert စက်ဖြင့် စစ်ဆေးကုသပေးလျက်ရှိ
Nov 30,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးယဉ်ပါးတီဘီကူးစက်ရောဂါစစ်ဆေးသည့် Gene Xpert စက်ဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ရောဂါရှာဖွေစစ်ဆေးကုသပေးလျက်ရှိကြာင်း မြို့နယ်ပြည်သူ့ဆေးရုံတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။