သတင်းများ

မိုင်းခတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Dec 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)၌ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့်‌ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 01,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
လားရှိုးမြို့သို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို စေတနာရှင်၊ အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း
Dec 01,2023
လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံနှင့် သိန္နီမြို့များဘက်မှ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာသူများကို လားရှိုးမြို့တွင်းသို့ သက်ဆိုင်ရာက စိစစ်ပြီးမှ ဝင်ခွင့်ပြုခဲ့ပြီး စေတနာရှင် အလှူရှင်များက ထမင်းထုပ်နှင့် အခြားစားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြကြောင်း  သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ”   ပန်းချီပြိုင်ပွဲ ပြုလုပ်
Dec 01,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် “(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏ စွမ်းရည်များ တိုးတက်စေရန်အတွက် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉  နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၊ ဘော်အိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Dec 01,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထစက်ဝန်း ထုတ်ချေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက ဘော်အိုင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Dec 01,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့ နံနက် (၁၀)နာရီက  ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွန်ရငွေပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွန်ရငွေပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။                  
အမရပူရမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း စီမံကိန်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်
Dec 01,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း စီမံကိန်း ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။