သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂ဝ၂၃) အခမ်းအနားသို့ တက်ရောက်
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရည်ရွယ်ချက်များ ထားရှိဖွဲ့စည်းပေးထားသည့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ (၁/၂ဝ၂၃)အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
မိုင်းယောင်းမြို့၌ ခရိုင်စစ်ကြောင်းကြီးငါးကြောင်းဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
Dec 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းအုပ်စု၊ ဟိုနားကျေးရွာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သည့် ခရိုင်စစ်ကြောင်းကြီးငါးကြောင်းက ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ပညာရေးဌာနမှ ကြီးမှူး၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်
Dec 01,2023
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ မူလွန်အောင်သုခကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပသည်။
မင်းလှမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း‌မြေပြင်ကောက်ယူခြင်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ တိရစ္ဆာန်‌ကောင်ရေစာရင်းကောက်ယူခြင်းကို နိုင်ဘာလ(၁)ရက်နေ့က စတင်ကောက်ယူခဲ့ရာ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ရာနှုန်းပြည့်‌ကောက်ယူပြီးဖြစ်‌ကြောင်း သိရသည်။
ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၌ မိုးစပါးရိတ်သိမ်း
Dec 01,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်နင်းကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာတွင် မြို့နယ်စိုက်/ထွေသမဝါယမအသင်းလီမီတက်အသင်းနှင့် စိုက်ပျိုးရေးတောင်သူများ ပူးပေါင်း၍ နိုဝင်ဘာ၂၉ရက်နေ့ နံနက် ၁၀ နာရီက မိုးစပါး ဧက ၃၀၀ခန့် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ မိုးစပါးများ ရိတ်သိမ်းရာနေရာသို့ မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် တာဝန်ရှိသူများက သွားရောက်၍ ရွေရင်အေးမိုးစပါး  ဧက ၃၀၀ ခန့် စိုက်ပျိုးထားပြီး ၁ ဧကတင်း ၁၄၀ ထွက်ရှိကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူထားသည့် စိုက်ပျိုးရေးတောင်သူများ စပါးရိတ်သိမ်းခြွေစက်ဖြင့် မိုးစပါးများ ရိတ်သိမ်းနေမှုကို ကြည့်ရှု့အားပေးခဲ့သည်။
စေတုတ္တရာမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ
Dec 01,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ (၂၀၂၃)ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)ကျောင်းတွင်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့နယ် ခေတ်မီစံပြမံရေးကျေးရွာ၌ အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းမှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Dec 01,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ခေတ်မီစံပြ ကျေးရွာရှိလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာ၊ မြစိမ်းရောင်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။