မိုင်းပန် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မွေးကင်းစ ကလေးငယ်မှ အသက်(၁)နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကလေးနှင့်ကျန်းမာရေးဆရာမများက ကလေးငယ်များအား ကိုယ်အလေးချိန်များ တိုင်းတာပေးခြင်း၊ ပြင်းထန် ဝမ်းပျက်/လျှောဆေးများ တိုက်ကျွေးပေးခြင်းနှင့် ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)