သတင်းများ

ကြံခင်းမြို့တွင် အခြေခံပညာမူလတန်းအဆင့် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Dec 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသားလူငယ်များ ဉာဏ်ရည်/ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အခြေခံပညာမူလတန်းအဆင့် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကိုကျင်းပပြုလုပ်ကြောင်း သိရသည်။
လားရှိုးမြို့တွင် မနက်မိုးမလင်းမီရောင်းချကြသည့် ကုန်စိမ်းဈေးကို နေ့လယ်ပိုင်းပြောင်းလဲဖွင့်လှစ်
Dec 02,2023
လားရှိုးမြို့တွင် ယခင်က နံနက် ၂ နာရီဝန်းကျင်ခန့်တွင် စတင်ရောင်းချလေ့ရှိသည့် မီးဖိုချောင်သုံး အသီးအနှံများကိုရောင်းချသည့် ကုန်စိမ်းဈေးကို  ယခုအခါ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကြောင့် မွန်းလွဲ ၂ နာရီမှ ၅ နာရီအချိန်ထိ ပြောင်းလဲရောင်းချနေကြောင်း သိရသည်။
လားရှိုးဒေသထွက် ရှမ်းကြက်သွန်ဖြူများ ယခုနှစ်တွင် ဈေးကောင်းရလျက်ရှိနေကြောင်း သိရ
Dec 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း စိုက်ပျိုးသည့် ရှမ်းကြက်သွန်ဖြူများ ယခုနှစ်တွင် ဈေးကောင်းရလျက်ရှိပြီး တောင်သူများအတွက် အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲအခမ်းအနားပြုလုပ်
Dec 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)နေ့တွင် ကျရောက်မည့် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲအခမ်းအနားကို အ.ထ.က(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်(မွမ်းမံ)သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်(မွမ်းမံ)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
စလင်းမြို့နယ်၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးမေးခွန်း(၁၀၀)ဖြေဆိုပွဲကျင်းပ
Dec 02,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ  နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကိုကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများကျန်းမာရေးအတွက် မေးခွန်း (၁၀၀)ဖြေဆိုပွဲကျင်းပပြုလုပ်သည့် အခမ်းအနာကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စျေးမရပ်ကွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 02,2023
၂၀၂၃ခုနှစ် ဒီဇင်ဘာလူထုလှုပ်ရှား စုပေါင်းလမ်းလျှောက်ပွဲ(ပထမပတ်)ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယနေ့နံနက် ၅ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အရန်မီးသတ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က တာမွေမီးသတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။