မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
Dec 02,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ အုတ်ကျင်းရပ်၊ အကွက်(၄၀၅-A)၊ ကမ်းနားလမ်း၊ ပေပင်ဘုန်းကြီးကျောင်းအရှေ့ဘက်တွင် ယမန်နေ့ညနေ (၄)နာရီခန့်က ဦးမောင်မြင့်ပိုင်ဆိုင်သော သွပ်မိုး၊ ထရံကာ(၃)ထပ်၊ အဆောက်အဦ၏အောက်ထပ် အိပ်ခန်းအနီး မွေ့ယာနားတွင် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။