စိန်ရတုကိုကျော်လွန်ခဲ့ပြီဖြစ်သော ပုဂံမြို့က ဦးဘငြိမ်းမြန်မာ့လက်မှုယွန်းထည်လုပ်ငန်း
Dec 02,2023
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးမြှင့်တင်ဆောင်ရွက်မှုနှင့်အတူ ပြည်တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဒေသအသီးသီးတွင် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုအစီအစဉ်ဖြင့် ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်နေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း (၃၇၈) အနက် ညောင်ဦးမြို့နယ် ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းမြန်မာ့လက်မှုယွန်းထည် လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။