သတင်းများ

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခမဲ့မျက်စိစမ်းသပ်ပေးခြင်း၊ ဆေးဝါးများပေးအပ်ခြင်းနှင့် မျက်မှန်များတပ်ဆင်ပေးခြင်းပြုလုပ်
Dec 02,2023
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ (၂၀၂၃) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်း ဒေသကြီး (၄) ပဲခူးမြို့မှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦး ဦးဆောင်သည့်ကျန်းမာရေးဝန်ထမ်းများသည် မျက်စိလူနာများအား အခမဲ့မျက်စိစမ်းသပ်ပေးခြင်း၊ လိုအပ်သောဆေးဝါးများပေးအပ်ခြင်း၊ မျက်မှန်များတပ်ဆင်ပေးခြင်း၊ မျက်စိပတ်သက်သောရောဂါဖြစ်ပွားမှုနှင့် ကာကွယ်နိုင်မှုများအား ပဲခူးတိုင်းဒေသကြီး မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေးစီမံကိန်း ဒေသကြီး (၄) ပဲခူးမြို့၌ ပြုလုပ်ပေးခဲ့ကြသည်။
မြစ်သားဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ ဆောင်းရာသီ ဒီဇင်ဘာလ၌ စုပေါင်းလမ်းလျှောက်ပွဲ ပြုလုပ်
Dec 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုအတွင်း ရွှေသူဌေးရပ်ကွက်ရှိ မြစ်သား ဘိုးဘွားရိပ်သာမှ အဘိုးအဘွား(၃၀)ဦးအား ဆောင်းရာသီ ဒီဇင်ဘာလတွင်ပျော်ပျော်ပါးပါး လမ်းလျှောက်ကြ ဆောင်ပုဒ်ဖြင့်အညီ ယနေ့နံနက် (၆)နာရီခွဲအချိန်မှ စတင်လမ်းလျှောက်ခဲ့ကြ ကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းသားအားကစားအဖွဲ့သို့ အောင်နိုင်ရေး အလံပေးအပ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Dec 02,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အခြေခံပညာ အားကစားပွဲတော်သို့ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ် ကိုယ်စားပြု အခြေခံပညာကျောင်းသား အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ
Dec 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး ခရိုင်/မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသား/သူများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးနှင့် ကာယ/ဉာဏစွမ်းရည်များ မြင့်မား‌လာစေရန်အတွက် ရည်ရွယ်ပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မုံရွာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပ
Dec 02,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက် ၆ နာရီမှစ၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့များတွင် သက်ဆိုင်ရာစုရပ်များတွင် ကျင်းပလျက်ရှိသည်။
ဒီဇင်ဘာလ (ပထမပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲများကျင်းပ
Dec 02,2023
ရန်ကုန်တိုင်းဒေသကြီ၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ဒီဇင်ဘာလ(ပထမပတ်) လူထုလှုပ်ရှားအားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူရင်ပြင်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့်ဝန်ထမ်းများ သူနာပြုတက္ကသိုလ်မှ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ လူမှု​ရေးအသင်းအဖွဲ့များ၊ ပြည်သူများက ပျော်ပျော်ပါးပါးစုပေါင်း လမ်းလျှောက်ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 02,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ဒီဇင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများ၊ ဌာနပေါင်းစုံမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား/သူများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်
Dec 02,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသား/သူများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။