ဒဂုံအရှေ့ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်(မွမ်းမံ)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ထို့နောက်ထူးချွန်ဆိုရရှိသူ သင်တန်းသားအမှတ်စဥ် (၃၃)နှင့် အမှတ်စဥ် (၄၄)တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူ၊ အဖွဲ့ဝင်(၂) ဦးတင်ဝင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)