ခန္တီးမြို့နယ်၌ (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲအခမ်းအနားပြုလုပ်

ခန္တီး ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)နေ့တွင် ကျရောက်မည့် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲအခမ်းအနားကို အ.ထ.က(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး အထက်တန်းပြဆရာမ ဒေါ်ထုဘူက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် အမျိုးသားအောင်ပွဲနေ့နှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ရာ ကျောင်းသား/သူလေးများက စိတ်ဝင်တစား နားထောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူလေးများ (၂၆၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)