စလင်းမြို့နယ်၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးမေးခွန်း(၁၀၀)ဖြေဆိုပွဲကျင်းပ

စလင်း  ဒီဇင်ဘာ  ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ  နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကိုကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများကျန်းမာရေးအတွက် မေးခွန်း (၁၀၀)ဖြေဆိုပွဲကျင်းပပြုလုပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စျေးမရပ်ကွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးတင်စိုးနှင့် ကျန်းမာရေးဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားတွင် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးတင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်၊ထို့နောက် ကျန်းမာ ရေးဆရာမတစ်ဦးမှ အဆိုပါအခမ်းအနားပြုလုပ်ရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားရာ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်း

အမှတ် အဖြစ်ကျောင်းသား၊ကျောင်းသူကလေးများအား ကျန်းမာရေးအတွက် မေးခွန်း(၁၀၀) ဖြေဆိုပွဲကို ကျင်းပရာ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းမှ Grade-10၊Grade-9 ကျောင်းသား၊ ကျောင်းသူ(၂၀၀)ကျော်ခန့် ပါဝင်ဖြေဆိုကြကြောင်း သိရသည်။

(မောင်လွင်)စလင်း