သတင်းများ

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုများခံယူလျက်ရှိသည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအားကြည့်ရှုအားပေး
Dec 02,2023
ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူလျက်ရှိသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယနေ့နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ၊ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုရ မွန်ပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
Dec 02,2023
အားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း” သည် အရွယ်သုံးပါး မရွေးလုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်းအမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများလမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်) နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀) ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှစတင်ပြီး၊ ဗဟိုလမ်း၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာအားကစားလ (ပထမပတ်) လူထု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ
Dec 02,2023
မကွေးတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ(ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 02,2023
ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပထမပတ်) ကို ယနေ့နံနက် ၆ နာရီခွဲအချိန်က ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ ခရိုင်စုပေါင်းရုံး RCC(၃)ထပ်အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်ချီးမြှင့်
Dec 02,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ယမန်နေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စိန်ဝတ်မှုံ မြန်အောင်-ကြံခင်းကားလမ်းဘေး မြန်အောင်ခရိုင်၊ ခရိုင်စုပေါင်းရုံး RCC(၃)ထပ် အဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မင်္ဂလာအခမ်းအနား တက်ရောက်ချီးမြှင့်ခဲ့သည်။
မန္တလေးမြို့၊ကျုံးဘေး၊ရတနာပုံဥယျာဉ်တွင် ဒီဇင်ဘာအားကစားလ(ပထမပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကျင်းပ
Dec 02,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၆၆လမ်း၊၁၉လမ်း(နန်းမြို့) ဦထိပ်တံတားတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်‌ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းဖွင့်လှစ်
Dec 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ် (၅) အခြေခံပညာအထက်တန်း‌ကျောင်း ကေသရာဇာခန်းမ၌ တောင်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်တွင် ဆောင်းသီးနှံ အထွက်နှုန်းကောင်း မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတက်ရောက်
Dec 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဆောင်းမြေပဲ၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ အထွက်ကောင်း မျိုးသန့်၊ မျိုးကောင်းများအား တောင်သူများထံ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့​ကြသည်။