လားရှိုးဒေသထွက် ရှမ်းကြက်သွန်ဖြူများ ယခုနှစ်တွင် ဈေးကောင်းရလျက်ရှိနေကြောင်း သိရ

လားရှိုး ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း စိုက်ပျိုးသည့် ရှမ်းကြက်သွန်ဖြူများ ယခုနှစ်တွင် ဈေးကောင်းရလျက်ရှိပြီး တောင်သူများအတွက် အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

ယခုနှစ်တွင် ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်ထိ ဈေးရှိခဲ့ပြီး ယခင်နှစ်ထက် ဈေးပိုရခဲ့ကြောင်းသိရသည်။

 “ဒီတစ်နှစ်တော့ ရှမ်းကြက်သွန်ဖြူရောင်းဈေး အရင်နှစ်ကထက် ပိုရတယ်။ ပိုရတယ်လို့ ပြောရပေမယ့် လည်း အထွေထွေကုန်ကျစရိတ်ကလည်း အရင်နှစ်တွေကထက်များတယ်လေ။ ဒါကြောင့် ဈေးပိုပြီးလည်း ရောင်းချရတာ ဖြစ်ပါတယ်။” ဟု ကြက်သွန်ဖြူရောင်းချသူတစ်ဦးကပြောသည်။

လားရှိုးမြို့နယ်တွင် ကြက်သွန်ဖြူကို ဟူးမွန်၊ အီနိုင်း၊မယ်ဟန်၊ဟိုပိတ်၊ဆုံကွယ်စသည့်ကျေးရွာများတွင် အများအပြားစိုက်ပျိုးကြပြီး လမ်းခရီးကောင်းမွန်ပါက မြန်မာပြည်အလယ်ပိုင်းဒေသများသို့ တင်ပို့ရောင်းချလေ့ရှိကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)