ပြည် ဒီဇင်ဘာ ၂
၂၀၂၃ခုနှစ် ဒီဇင်ဘာလူထုလှုပ်ရှား စုပေါင်းလမ်းလျှောက်ပွဲ(ပထမပတ်)ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ယနေ့နံနက် ၅ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့သည်။
စုပေါင်းလမ်းလျှောက်ပွဲကျင်းပရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များနှင့် မြို့ပေါ်ရပ်ကွက်ပြည်သူများ စုစုပေါင်း (၅၂၁)ဦး စုပေါင်းပါဝင်ဆင်နွှဲကြသည်။
အဆိုပါစုပေါင်းအဖွဲ့က မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်စုရပ်မှစ၍ ဗိုလ်ချုပ်လမ်း တစ်လျှောက်နှင့် ဦးဝင်းမြလမ်း၊ ရွှေတစ်ချောင်းလမ်းတို့မှ မြို့နယ်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်းအတွင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနမှဦးဆောင်၍ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)