ကြံခင်း ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းသားလူငယ်များ ဉာဏ်ရည်/ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အခြေခံပညာမူလတန်းအဆင့် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများကိုကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရန်၊ အင်္ဂလိပ်ဘာသာ စကားလုံးဝေါဟာရများကြွယ်ဝစေရန်၊ အင်္ဂလိပ်စာလေ့လာ မှတ်သားတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ကြောင်း ပြောကြားပါသည်။
ထို့နောက် အခြေခံပညာမူလတန်းအဆင့် အင်္ဂလိပ်စာဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပရာ (အ.မ.က) သမ္ဘရာအင်းလေးကျောင်းမှ (Grade-4) ကျောင်းသား/သူ(၂၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိက ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသားလူငယ်များ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့် ဦးဆောင်ပြီး သမ္ဘရာအင်းလေးကျောင်းမှ (G-3) ကျောင်းသား/သူ(၁၅)ဦးတို့အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)