သတင်းများ

သာပေါင်းမြို့နယ်၌၂၀၂၃ ခုနှစ်၊ဆောင်းရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေ သစ်ပုတ်ကုန်း၊ ဆပ်သွား၊ ကွင်းပေါက်ကျေးရွာအုပ်စုများမှ စိုက်ပျိုးဧက(၈၀၃)၊တောင်သူ(၁၀၇)ဦး၊ ချေးငွေ(၁၂၀၄၅၀၀၀၀) ထုတ်ချေးပေး
Dec 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေး ပေးနေလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်တွင် ပြုလုပ်သောတောင်သူများအား တွေ့ဆုံခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှာ်)၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်
Dec 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တောင်သူများအား တွေ့ဆုံခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှာ်)၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတွင် ကျင်းပခဲ့ရာဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့များက တက်ရောက်ခဲ့ကြသည်။
ပြင်ဦးလွင်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ (မွမ်းမံ) သင်တန်းဖွင့်လှစ်
Dec 02,2023
ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း (၇)ခုအနက်မှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) စီမံကိန်းအစီအစဉ်ဖြင့် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ (မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဆွမ်ပရာဘွမ် အ-ထ-ကကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Dec 02,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲ(၁)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (မရန်ယောရှု)ကျောင်းစာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ
Dec 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ
Dec 02,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ထားဝယ်မြို့တွင်ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Dec 02,2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြိုလှုပ်ရှားမှုအဖြစ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Dec 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသခံပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။