တိုက်ကြီး ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဝေက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်နှင့် Grade -11(B)မှ မောင်အောင်သူမိုးတို့က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲခင်းကျင်းပြသထားရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)