ထားဝယ် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြိုလှုပ်ရှားမှုအဖြစ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက ၂၀၂၃ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိကြောင်း၊ HIV ရောဂါပိုးကူးစက်မှုလျော့နည်းကျဆင်းအောင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရေး အတွက်ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း၊ ယခု နှစ်ဆောင်ပုဒ်မှာ ၂၀၂၃ ခုနှစ် AIDA ကင်းစင်ရေး ပြည်သူလူထုဦးဆောင်ပေး ဆောင်ပုဒ်ဖြစ်ကြောင်း၊ HIV ရောဂါပိုးကူးစက်မှု လျော့နည်းကျဆင်းစေရန်၊ HIV ရောဂါပိုး အသစ်ထပ်မံမဖြစ်ပွားစေရန်၊ HIV ရောဂါပိုးရှိသူနှင့် ခွဲခြားဆက်ဆံမှု လုံးဝကင်းဝေးစေရန်၊ HIV ရောဂါပိုးကြောင့် သေဆုံးမှုမရှိအောင် လက်တွဲညီညီ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိသော HIV/AIDS ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအားရှင်းလင်းတင်ပြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)