သတင်းများ

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပ
Dec 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့မန်နံနက် ၉ နာရီအချိန်က (၁၀၃)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ်ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲတွင်(၄၀)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၅ဦးတို့မှအသီးသီးယှဥ်ပြိုင်ခဲ့ကြပြီး ဆက်လက်၍ အသိပညာပေးဟောပြောပွဲများကို ကျင်းပခဲ့သည်။
မန္တလေးမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်
Dec 02,2023
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး
Dec 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမပေါ်၌ စုရပ်ထားရှိကာပြည်သူများသို့ စားသုံးဆီများ လက်လီ ရောင်းချပေးခဲ့ကြသည်။
ပြည်မြို့တွင်  ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု ရာသီ တုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေး
Dec 02,2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့သာသနာ့ ဗိမာန်တော်ကြီး၌ ပြည်မြို့ပေါ်ရပ်ကွက်ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်/သံဃာတော်များအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပြည်ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ပေးကြောင်း သိရသည်။
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာယီနေရပ်စွန့်ခွာသူပြည်သူများနှင့် သက်ကြီးရွယ်အိုများအား ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်
Dec 02,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာယီနေရပ်စွန့်ခွာသူပြည်သူများနှင့် သက်ကြီးရွယ်အိုများအား အခမဲ့ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်)သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်
Dec 02,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် (နေပြည်တော်) သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၃၀)ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကဝမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲကျင်းပ
Dec 02,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives -SPI) အကောင်အထည်ဖော်ရေးမြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ.ထ.က(ကဝ) ၊ ဆရာကျော့ခန်းမတွင် ကျင်းပခဲ့သည်။
ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၁၅၀၀ ကျပ် ရောင်းချနေရကာ မနှစ်ကထက် ဈေးနှုန်းပိုရနေ
Dec 02,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ထိုင်ဝမ်ပိန္နဲ စိုက်ပျိုးတောင်သူများ ပိန္နဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးသီးနှုန်းကောင်းမွန်ကာ ဆွတ်ခူးရောင်းချချိန် တစ်ပိသာ ၁၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် ပိန္နဲစိုက်တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း သိရသည်။