ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်တွင် ပြုလုပ်သောတောင်သူများအား တွေ့ဆုံခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှာ်)၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

ကန်ကြီးထောင့် ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် တောင်သူများအား တွေ့ဆုံခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှာ်)၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတွင် ကျင်းပခဲ့ရာဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့များက တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက မြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာ၊ ကွင်းအမှတ်(၁၄၇/B)၊ ဦးပိုင်အမှတ်၅၄/ ၃ရှိ တောင်သူ ဦးဇွန်၏ လယ်(၂)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အား(၁)ဧကလျှင်(၂)ပြည့်နှုန်းဖြင့် လည်းကောင်း၊ ကွင်းအမှတ် (၁၄၇/B)၊ ဦးပိုင်အမှတ်၅၃/၆ရှိ တောင်သူ ဦးဘို‌တောက်၏ လယ်(၃)ဧကတွင် ဆီထွက်သီးနှံ(နေကြာ)(Super Sun 41)မျိုး အား (၁)ဧကလျှင်(၁.၅)ကီလိုနှုန်းဖြင့်လည်း ကောင်း စုပေါင်းကြဲပက်ခဲ့ကြသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံ‌(နေကြာ) စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ဆွေးနွေး‌ပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)