သာပေါင်း ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက်ထုတ်ချေး ပေးနေလျက်ရှိသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးဇင်မင်းထိုက်က တောင်သူများအား ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေများ ကို အကျိုးရှိစွာသုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး သစ်ပုတ်ကုန်း ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုး စရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၂၇)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၂၄၅)ဧက အတွက်(၃၆၇၅၀၀၀၀)၊ ဆပ်သွားကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ (၁၀)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်(၉၀)ဧကအတွက်(၁၃၅၀၀၀၀၀)၊ကွင်းပေါက် ကျေးရွာအုပ်စုမှ ဆောင်းစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၇၀)ဦးအား တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲ နှုန်းဖြင့် (၄၆၈)ဧကအတွက် (၇၀၂၀၀၀၀၀) ပေါင်း တောင်သူ(၁၀၇)ဦး၊ ဧက(၈၀၃)အတွက် (၁၂၀၄၅၀၀၀၀) တို့ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအား အောက်တိုဘာလ (တတိယပတ်)မှ ဒီဇင်ဘာလကုန်းအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းချေးငွေကို (၃၀၊၉၊၂၀၂၄) နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း အချိန်မီပေးဆပ်ပြီးသည့် တောင်သူများနှင့်ကိုဗစ်ချေးငွေပါ ပြေကြေပြီးသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးဧက(၁၂၆၄၂)၊ ချေးငွေ(၁၈၉၆၃)သိန်းကို ထုက်ချေးပေးထားရန် လျာထားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဦးဇင်မင်းထိုက် ထံမှ သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)