ပြင်ဦးလွင်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ (မွမ်းမံ) သင်တန်းဖွင့်လှစ်

ပြင်ဦးလွင် ဒီဇင်ဘာ ၂ 

ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း (၇)ခုအနက်မှ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) စီမံကိန်းအစီအစဉ်ဖြင့် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်) အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ (မွမ်းမံ)   သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာ၌   ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။  

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်အမှာစကားနှင့်စီမံကိန်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ (မွမ်းမံ) သင်တန်းကို (၁-၁၂-၂၀၂၃) ရက်နေ့မှ  (၇-၁၂-၂၀၂၃) ရက်နေ့အထိ သင်တန်းကာလ  (၇)  ရက်ဖြင့် သင်တန်းနည်းပြဆရာများမှ  စနစ်တကျ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ရာ   သင်တန်းသား၊ သင်တန်းသူ၊  စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)