မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

မဟာအောင်မြေ ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ အုတ်ကျင်းရပ်၊ အကွက်(၄၀၅-A)၊ ကမ်းနားလမ်း၊ ပေပင်ဘုန်းကြီးကျောင်းအရှေ့ဘက်တွင် ယ‌မန်နေ့ညနေ (၄)နာရီခန့်က ဦးမောင်မြင့်ပိုင်ဆိုင်သော သွပ်မိုး၊ ထရံကာ(၃)ထပ်၊ အဆောက်အဦ၏အောက်ထပ် အိပ်ခန်းအနီး မွေ့ယာနားတွင် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးတို့ဖြင့် မီးငြှိမ်းခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ ပျဉ်ခင်း(၂) ထပ်အိမ် (၂) လုံးမှ အပေါ်ထပ်များ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်အိပ်တစ်လုံးနှင့် သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း (၃)ထပ်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးဘေးသင့်ပြည်သူများအား ပေပင်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မသိဒ္ဓိဓမ္မာရုံတွင် ခေတ္တနေထိုင်နိုင်ရေး စီစဉ်ပေးထားကြောင်း သိရသည်။

အောင်ဇော်မင်း