ငါးသိုင်းချောင်း ဒီဇင်ဘာ ၂
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ကွင်းလျားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာတွင်တွင် ယမန်နေ့ မွန်းလွဲ၂ နာရီခွဲအချိန်ခန့်က ငဝန်မြစ်ရေတိုက်စားမှုကြာင့် လူနေအိမ် (၂)လုံး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျသဖြင့် ဘုရားကုန်းကျေးရွာရှိ ဦးထွန်းထွန်းနိုင်နှင့် ဒေါ်အုံးမြ ပိုင်ဆိုင်သည့် ဓနိမိုး၊ထရံကာ၊ ကြမ်းခင်း လူနေအိမ်(၂)လုံးအား တာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့၍ စားဝတ်နေရေး အတွက် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ထိုသို့ မြစ်ကမ်းပါးတိုက်စားမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)