လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Resin Handmade(သဘာဝလက်မှုပစ္စည်း) ပစ္စည်းပြုလုပ်နည်း သင်တန်းဖွင့်လှစ်ပြီးစီး

လယ်ဝေး ဒီဇင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ Resin Handmade(သဘာဝလက်မှုပစ္စည်း )ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဒေါ်ကောင်းဝင့်သူက Resin Handmade ပစ္စည်းများဖြစ်သည့် နာရီ၊ ကလစ်၊ ခေါင်းဘီး၊ မှန်၊ သော့ချိတ်၊ ပစ္စည်းထည့်သည့်အလှပန်းအိုး၊ စတစ်ကာကပ်သည့် အရုပ်ဒီဇိုင်းမျိုးစုံတို့ကို သင်တန်းကာလ ၂ ရက်တွင် လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)