အောင်မြေသာစံ ဒီဇင်ဘာ ၂
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၆၆လမ်း၊၁၉လမ်း(နန်းမြို့) ဦထိပ်တံတားတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီးနှင့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၅၀၀ ဦးခန့် ပါဝင်ဆင်နွဲကြသည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ(ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲအား သေနက်ပစ်ဖောက်ကာ တာလွှတ်ပေးသည်။
ထို့နောက် ဦးထိပ်တံတားမှ စတင်ကာ ရတနာပုံ ဥယျာဉ်အတွင်းမှ ကျုံး၏ အရှေ့တောင်ထောင့်အထိ တပျော်တပါးစုပေါင်း လမ်းလျှောက်ခဲ့ကြပြီး၊ ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ (၁/၂) တို့ဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)