မိတ္ထီလာ ဒီဇင်ဘာ ၂
ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူလျက်ရှိသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယနေ့နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ခွဲစိတ်ကုသမှုခံယူလျက်ရှိသော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေနှင့်အစားအသောက်များ ပေးအပ်ခဲ့သည်။
ယင်းနောက် မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား လာရောက်ခွဲစိတ်ကုသပေးသည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာကျော်သီဟနှင့်အဖွဲ့တို့အား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ၊ ပါရဂူများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုဆရာမများနှင့်တွေ့ဆုံပြီး ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သည်။
အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုကိုကုသရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိရာ ၎င်းနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုခံယူနိုင်ရန်အတွက် မိတ္ထီလာ၊ ပျော်ဘွယ်၊ သပိတ်ကျင်း၊ ကျောက်ပန်းတောင်း၊ ပြည်ကြီးတံခွန်၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်များမှ လာရောက်ပြသကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)