သတင်းများ

ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Dec 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် ပဒါန်းကျေးရွာ အရှိုချင်းအမျိုးသားပြတိုက်တွင် ကောက်သစ်စားပွဲ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေး
Dec 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ အရှိုချင်းအမျိုးသားပြတိုက်တွင် အရှိုချင်းတိုင်းရင်းသားတို့၏ ကောက်သစ်စားပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ အရှိုချင်းတိုင်းရင်းသားခေါင်းဆောင် အပုပ် ဦးကျော်စိန်နှင့် တိုင်းရင်းသားတိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ကျွန်းစုမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီ ပြိုင်ပွဲ ကျင်းပ
Dec 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ​မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလပထမအပတ်လူထုအား ကစားလမ်းလျှောက်ပွဲကျင်းပ
Dec 03,2023
ဒီဇင်ဘာအားကစားလ လူထုအားကစားလမ်းလျှောက်ပွဲကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှကြီးမှူး၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အနေဖြင့် ယမန်နေ့နံနက်(၅)နာရီခွဲအချိန်ကစတင်ကာ မြို့တော်ခန်းမရှေ့၌ စုရပ်ထားစုပေါင်းလမ်း လျှောက်ကြကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ
Dec 03,2023
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများ အိမ်ရာရှေ့၌ စုရပ်ပြုလုပ်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား၊သင်တန်းသူ၊ ဆရာ၊ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၀၀၀ ဦးခန့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Dec 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး (UMK) ရေးသားထားသည့် “ကတိစကားလေးတစ်ခွန်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးဟောပြော
Dec 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးအတွက်  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပွင့်ဖြူမြို့၊ အလယ်ပိုင်းဓမ္မာရုံသို့သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့ဆိပ်ငယ်ဈေးကြီးတွင် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Dec 03,2023
ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ဈေးမီးဘေးကြိုတင်ကာကွယ်ရေး၊  မီးဘေးလုံခြုံရေး၊   မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးဌာနမှ ဈေးသူဈေးသားများအား အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။