ရေတာရှည် ဒီဇင်ဘာ ၃
ဒီဇင်ဘာအားကစားလ လူထုအားကစားလမ်းလျှောက်ပွဲကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှကြီးမှူး၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အနေဖြင့် ယမန်နေ့နံနက်(၅)နာရီခွဲအချိန်ကစတင်ကာ မြို့တော်ခန်းမရှေ့၌ စုရပ်ထားစုပေါင်းလမ်း လျှောက်ကြကြောင်း သိရသည်။
စုပေါင်းလမ်းလျှောက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် လုပ်သားပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်ဖြင့် ရေတာရှည်မြို့နယ်၊ မြို့တော်ခန်းမရှေ့စုရပ်မှ အမှတ်(၁)ရပ်ကွက်ကန်ပတ်လမ်း၊ ကရင်ချောင်းလမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်းစုရပ်နေရာအထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ထို့နောက်မြို့တော်ခန်းမတွင် အတွဲ(၁)၊ အတွဲ(၂) သွေးပူလေ့ကျင့်ခန်းများ၊ အကြောလျော့လေ့ကျင့်ခန်းများအား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်ကာ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)