သတင်းများ

ပွင့်ဖြူမြို့နယ်၌ မြို့ပြအင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေး
Dec 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပျက် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ရမည့် အချက်များ ပါဝင်သော ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးနှင့် မြို့တွင်းလမ်းဆုံ၊ လမ်းခွများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Dec 03,2023
“စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
လားရှိုးတွင် ကျောက်ဆည်ဒေသထွက် မာလကာသီးများ ဈေးကောင်းရ
Dec 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ သစ်သီးဈေးကွက်အတွင်းတွင် ကျောက်ဆည်ဒေသထွက် မာလကာသီးများ ဈေးကောင်းရလျက်ရှိပြီး ရောင်းကောင်းလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ဆည်ကုန်း(အရှေ့)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်း စစ်ဆေး
Dec 03,2023
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် ဆည်ကုန်း(အရှေ့) ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နေကြာနှင့် ပိုက်ဆံလျှော်လျာထားချက်ပြည့်မီ‌ ကျော်လွန်စွာစိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေး
Dec 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နေကြာနှင့်ပိုက်ဆံလျှော် လျာထားချက်ပြည့်မီ‌ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင်  ၂၀၂၃ ခုနှစ် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Dec 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခိုင်မင်းထွန်းနှင့် ကျန်းမာရေးဆရာ၊ ဆရာမများမှ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Dec 03,2023
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ကျင်းပပြုလုပ်သည်။