ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

ဘားအံ ဒီဇင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများ အိမ်ရာရှေ့၌ စုရပ်ပြုလုပ်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၀၀၀ ဦးခန့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများသည် စုရပ်ဖြစ်သော ဝန်ကြီးများအိမ်ယာရှေ့မှ သီရိလမ်း၊ ယဉ်ကျေးမှုပြတိုက်လမ်း၊ ဦးပေါက်လမ်း၊ ကန်သာယာပတ်လမ်း၊ ကျော်ဇေယျလမ်း၊ ဆေးရုံလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း ကန်သာယာအားပတ်၍ သီရိကွင်းအတွင်း ပြန်လည်ဝင်ရောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ ()ပေအကွာ အနေအထားဖြင့် အကြောလျော့လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်()နှင့် အမှတ်()တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ အများပြည်သူ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု အနေဖြင့် အများပြည်သူဆိုင်ရာနေရာ (Public Area) များတွင် တစ်ဦးတစ်ယောက်ချင်းအလိုက် သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များအလိုက်သော်လည်းကောင်း တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရပြီး စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း ပါဝင်ဆောင်ရွက်သူများအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ကောက်ညှင်းပေါင်းနှင့် အကြော်စုံတို့ဖြင့် နံနက်စာတည်ခင်းဧည့်ခံခဲ့ကြသည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ဆောင်ရွက်အပြီးတွင် ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ သီရိကွင်းသုံးပတ် (မီတာ ၄၅၀၀) အပြေးပြိုင်ပွဲ၊ Small goal သွင်း ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို ကျင်းပပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ၊ ကွန်ပျူတာပြိုင်ပွဲများ၊ အကြိုဟောပြောပွဲများ ကျင်းပ၍ ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ညပိုင်းတွင် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲများ၊ တေးသရုပ်ဖော် ဖျော်ဖြေပွဲများ ထည့်သွင်းနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်ခဲ့ပြီး အထိမ်းအမှတ်ဖွင့်ပွဲများ၊ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနား၊ ဂုဏ်ပြုညစာစားပွဲ၊ ပဒေသာကပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် အနှစ်သာရ ပြည့်ဝစွာ ကျင်းပသွားရန်လိုကြောင်း၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အနေဖြင့် လှေလှော်ပြိုင်ပွဲ၊ ဇွဲကပင်တောင်တက်၊ တောင်ဆင်းပြိုင်ပွဲ၊ ကောက်သစ်စားပွဲ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ၊ ပဒေသာကပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ၊ အခက်အခဲများရှိပါက တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အခမ်းအနားများ အလိုက် အထောက်အကူပြုလုပ်ငန်း ကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)