မော်လမြိုင်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသပေး
Dec 03,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်ရှိ အနာဂတ်ဘဝအဖွဲ့(Future Life Organization)မှ ဖွင့်လှစ်ထားသော အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများသင်တန်းသို့သွားရောက်ပြီး ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြသည်။