ကျွန်းစု ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများ ကျင်းပရာ၌ အထက်တန်းအဆင့်တွင် ညီညွတ်ခြင်းရဲ့ အကျိုးတရား အမျိုးသားရေးအား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့်တွင် ပညာရေးကို အခြေခံ အမျိုးသားနေ့ အားမာန်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့်တွင် အမျိုးသားနေ့ ဘယ်ခါမမေ့ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင် (၄၁)ဦး၊ ကဗျာပြိုင်ပွဲတွင် (၂၉)ဦး၊ ပန်းချီပြိုင်ပွဲတွင် (၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် အ.ထ.က ကျွန်းစုကျောင်းမှ (၃၁)ဦး၊ အ.ထ.က ကတ္တလူကျောင်းမှ (၃၄)ဦး၊ အ.ထ.က(ခွဲ)ကတန်ကျောင်းမှ (၆)ဦး၊ အ.လ.က ကဖွားကျောင်းမှ (၁၀) ဦး၊ စုစုပေါင်း (၈၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)