သတင်းများ

မက်မန်းမြို့၌ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ
Dec 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့၊ မြို့နယ်ပညာရေးမှူးရုံးအစည်းအဝးခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၃)ကို ယမန်နေ့က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်၌ စုပေါင်း၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး
Dec 03,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ကျိုင်းလပ်မြို့ Community Centre ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ ကျင်းပ
Dec 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဒီဇင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကြံခင်းမြို့ (အ.ထ.က-၁) ကျောင်းတွင်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ (အ.ထ.က-၁) ကျောင်းတွင်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ နေ့လည်ပိုင်းက  အဆိုပါကျောင်းရှိ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့တွင် အုပ်စုအဆင့်အခြေခံပညာ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ
Dec 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မူလွန်ဘုရားချောင်း(ရပ်)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အုပ်စုအဆင့်အခြေခံပညာ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန်က စတင်ကျင်းပခဲ့ကြောင်းသိရသည်။
ကွန်ဟိန်းမြို့တွင် ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့အနီးကျေးရွာများတွင် ယာယီနေရပ်စွန့်ခွာနေရသူများအား စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများလှူဒါန်း
Dec 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားသောတိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့အနီးရှိ ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းများတွင် ယာယီနေရပ်စွန့်ခွာနေကြရသည့်  ဒေသခံပြည်သူများအတွက် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ပရဟိတအဖွဲ့များက အလှူရှင်များကိုယ်စား ယမန်နေ့ကသွားရောက်ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။