မိုးမိတ် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးဒေါက်တာခိုင်မင်းထွန်းနှင့် ကျန်းမာရေးဆရာ၊ ဆရာမများမှ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာခိုင်မင်းထွန်းနှင့် ကျန်းမာရေးဆရာ၊ ဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား စမ်းသပ်စစ်ဆေးပေးခြင်း၊ အသက်(၅)နှစ်အောက် ကလေးများအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ပုဗ္ဗာရုံစာသင်တိုက်မှ ဆရာတော်သံဃာတော်များနှင့် ရှင်သာမဏေများအား သွားနှင့်ခံတွင်းစစ်ဆေးကုသပေးခြင်း၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများနှင့် အခြားရောဂါများအား စမ်းသပ်စစ်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူဌေး (ခရိုင်ပြန်/ဆက်)