လားရှိုးတွင် ကျောက်ဆည်ဒေသထွက် မာလကာသီးများ ဈေးကောင်းရ

လားရှိုး ဒီဇင်ဘာ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ သစ်သီးဈေးကွက်အတွင်းတွင် ကျောက်ဆည်ဒေသထွက် မာလကာသီးများ ဈေးကောင်းရလျက်ရှိပြီး ရောင်းကောင်းလျက်ရှိကြောင်း သိရသည်။

ယခင်က လားရှိုးသစ်သီးဈေးကွက်တွင် သစ်သီးများကို ယခင်က တရုတ်နိုင်ငံမှ အဓိက တင်သွင်းရောင်းချလေ့ရှိသော်လည်း ယခုအခါ  လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ပြည်တွင်းတွင်သာ စိုက်ပျိုးကြသည့် သစ်သီးများကိုသာ အဓိကထားရောင်းချကြကြောင်း သိရသည်။

“အရင်တုန်းကတော့ တရုတ်ကနေ တင်သွင်းတဲ့ သစ်သီးတွေကို အဓိကထားရောင်း တာပေါ့။ အခုတော့ တရုတ်ဘက်ကနေ သစ်သီးတွေက မဝင်တော့ ပြည်တွင်းမှာ စိုက်ပျိုးတဲ့ သစ်သီးတွေကိုပဲ အဓိကထားရောင်းချကြတယ်။”ဟု သစ်သီးဈေးသည်တစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် ကျောက်ဆည်ဒေသထွက် မာလကာသီးတစ်လုံးလျှင် နှစ်ထောင်ကျပ်ဈေးရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)