သတင်းများ

သရက်မြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဒီဇင်ဘာ (၂) ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရပ်စောက်မြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးCampaign အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေး၊ ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေးCampaign အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်၌ (၁၈)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင်ရိုးရာ မီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ပြုလုပ်
Dec 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၁၈)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ဆုချီးမြှင့်ခြင်းပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီက ကလောမြို့ မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်း၌ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ယာယီကုန်တင် ကားကြီးများ ရပ်နားစခန်း ဆောင်ရွက်မည့် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေး
Dec 04,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြစ်ကြီးနားမြို့၌ တည်ဆောက်သွားမည့် ယာယီကုန်တင်ကားကြီးများ ရပ်နားစခန်း ဆောင်ရွက်မည့် လျာထားမြေနေရာအား ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်း သီးထပ်စွမ်းအားတိုးမြှင့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Dec 03,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံနေကြာအပါအဝင် သီးထပ်စိုက်ပျိုးစွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၂  ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်းရှိ စံပြစိုက်ကွင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌  ကျား/မ အခြေပြု အကြမ်းဖက်မှု (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေးသင်တန်း ဖွင့်လှစ်
Dec 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကျား/မ အခြေပြု အကြမ်းဖက်မှု (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး သင်တန်းကို ယနေ့ နေ့လည် (၁) အချိန်က အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ အမျိုးသမီးရေးရာအဖွဲ့က ကျင်းပဆောင်ရွက်ခဲ့သည်။
စကုမြို့၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၃)သင်တန်း ဖွင့်လှစ်ပို့ချ
Dec 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် စကုမြို့ကြက်ခြေနီအသင်းခွဲငယ်တို့ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ စကုမြို့၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စကုမြို့အုပ်ချုပ်ရေးမှူးဦးချိုစန်းလွင်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။