သတင်းများ

ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ စာကြည့်တိုက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတုတ္ထအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲ ကျင်းပ
Dec 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ် စာကြည့်တိုက်လုပ်ငန်းစဉ် ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က  အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းလှမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး အထွက်ကောင်း မျိုးသန့်၊ မျိူးစေ့များ ထောက်ပံ့ပေးအပ်
Dec 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး အထွက်ကောင်း မျိုးသန့်၊ မျိူးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်
Dec 03,2023
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြောက်၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပ
Dec 03,2023
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးကျင်းပသော ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မသန်စွမ်း အားကစားကွင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းပန်မြို့နယ်၌ တီဘီရောဂါရှာဖွေကုသခြင်းလုပ်ငန်းဆောင်ရွက်
Dec 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တီဘီရောဂါရှာ‌‌ဖွေကုသခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့က မြို့နယ်၏ ခက်ခဲဒေသဖြစ်‌‌သော ပန်ပိကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ရှာဖွေကုသစစ်ဆေးခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖတ်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်(GBV) အသိပညာ‌ပေးသင်တန်း သာပေါင်းမြို့နယ်တွင် ဖွင့်လှစ်
Dec 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖတ်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်(GBV) အသိပညာ‌ပေးသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဒီဇင်ဘာလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ မြို့ပြအင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေး
Dec 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပျက် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ရမည့် အချက်များ ပါဝင်သော ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာ ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးနှင့် မြို့တွင်းလမ်းဆုံ၊ လမ်းခွများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Dec 03,2023
“စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။