ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နေကြာနှင့် ပိုက်ဆံလျှော်လျာထားချက်ပြည့်မီ‌ ကျော်လွန်စွာစိုက်ပျိုးနိုင်ရေးတွေ့ဆုံဆွေးနွေး

ညောင်တုန်း ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ၊ နေကြာနှင့်ပိုက်ဆံလျှော် လျာထားချက်ပြည့်မီ‌ကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးကျော်စိုးနှင့်အဖွဲ့မှ တောင်သူများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံ၊ နေကြာနှင့် ပိုက်ဆံ‌လျှော်လျာထားချက်ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာလအတွင်း အချိန်မီစိုက်ပျိုးနိုင်ရေး၊ အခြားနည်းခွင့်ပြုမှုမရရှိမီ မစိုက်ပျိုးဘဲထားရှိသည့် ဧကများနှင့် မြေလွတ်မြေလပ်မကျန်ရှိစေရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေးဆွေးနွေးမှာကြားပြီး   အကောင်အထည်ဖော်ဆောင်ရွက်‌နေမှု အခြေအနေများကိုကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)