သထုံမြို့၌ (၂၀၂၃)ခုနှစ် အစိုးရအဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 10,2023
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၀) ကြိမ်မြောက် အဘိဓမ္မာရိုးရိုး (၆၇)ကြိမ်မြောက် အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် (၆၅)ကြိမ်မြောက် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြသပိတ်တောင်ခြေ၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိပရိယတ္တိသာသနာ့ဟိတအသင်း စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။